သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာတွင် သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီမှ တော်လှန်လူငယ်များ ဦးဆောင်ကာ စစ်တပ် ထုတ်ကုန် မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်တပ်ထုတ်ကုန် ပစ္စည်းများမှာ မြန်မာဘီယာ(Myanmar Beer) ၊ အက်(ထ)မန် တံဆိပ်(Andaman Gold)အရက်၊ ဘီယာ၊ အချိုရည် ၊ ဒဂုံ တံဆိပ်(Dragon)အရက်၊ ဘီယာ၊ အချိုရည် ၊ ဘလက်ရှီး စတောက်ဘီယာ(Black Shield Stout) ၊ မန္တလေး ဘီယာ၊ ရမ် (Mandalay) ၊ အာမီရမ်(Army Rum) ၊ Red Ruby စီးကရက် နှင့် Premium Gold စီးကရက် တို့ဖြစ်ကြောင်း သိရှိရသည်။