ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကောင်စီ ခလရ ၈၄ နဲ့ ခလရ ၁၉ တပ်တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ နိုဝင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူး ၁ ဦးအပါ ၄၀ ခန့်သေဆုံးတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီတပ် စစ်ကြောင်းဟာ အင်တိုင်းတောနဲ့ ကျေးရွာစာသင်ကျောင်း၊ ဘုန်းကြီးကျောင်းဝန်းကျင်မှာ တပ်ဖျောက်ထားတာ ၄ ရက်ခန့်ရှိပြီးနောက် PDF ပုဝါနီစစ် ကြောင်း၊ ကီကူးစစ်ကြောင်း၊ နပတ ရိုးမစစ်ကြောင်း၊ ၃၅၀၁ တပ်ရင်းမှ တပ်ခွဲ (၃ နှင့် ၄)၊ သံတောင်မြောက်ပိုင်း အထူးဒေသစစ်ကြောင်းတို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
PDF ပူးပေါင်းအဖွဲ့တွေဘက်ကလည်း ၃ ဦးကျဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေများပြားခဲ့ပြီး လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းကနေ တနေကုန်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။