ရန်ကုန်နဲ့ မိုင်ရာကျော်သာ ကွာေ၀းတဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်း အနီး ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် တော်၀ိကျေးရွာ တစ်၀ိုက်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်လေယာဥ်တွေ ပျံ၀ဲ ခြိမ်းခြောက်နေတယ်လို့ ဒေသခံ တစ်ဦးက ဒီကနေ့ ဇူလိုင်လ ၂၁ ရက်မှာ ပြောပါတယ်။
တော်၀ိကျေးရွာအနီး တစ်၀ိုက်ကို ဒီကနေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေကာ တိုက်ပွဲသံတွေ ကြားနေရတယ်လို့ သူကပြောပါတယ်။
“တိုက်ပွဲတွေက ထပ်ပြင်းထန်နေတယ်။ လေယာဥ်ပါ၀ဲနေတာ။ မနက်ကတည်းက လက်နက်ကြီးတွ ဆက်တိုက်ပစ်နေတယ်” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး လေယာဥ်တွေ ပျံ၀ဲနေတာကြောင့် ကျေးရွာ ၅ ရွာက ပြည်သူတွေ အရေးပေါ် စစ်ဘေး တိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၁၉ ရက် နံဇရွာတိုက်ပွဲမှာ အင်အား ၄၀၀ ခန့်သုံးကာ စစ်ကြောင်းထိုးပေမဲ့ စစ်ကောင်စီတပ်သား ၃၃ ဦးသေပြီး အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာကို မီးတင်ရှို့ခဲ့သလို ကျေးရွာနေ ပြည်သူ ၃ ဦးလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ညောင်လေးပင်ခရိုင်အတွင်းက ကျေးရွာတွေဖြစ်တဲ့ တော်၀ိ၊ ပန်းတင်ကုန်း၊ အင်ကုန်း၊ သမင်အင်းကုန်း၊ နံဇ အနီးတစ်၀ိုက်မှာ ပြီးခဲ့တဲ့ လပိုင်းကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။