ရန်ကုန်မြို့မှာ စက်သုံးဆီဈေးကျလာပေမယ့်လည်း ဆီဆိုင်တွေမှာ ဆီဝယ်မရဖြစ်နေတယ်လို့ ရန်ကုန်ဒေသခံတွေက ပြောပါတယ်။
“ဆီဆိုင်တော်တော်များများက ပိတ်ထားတယ်။တမြို့လုံးပတ်ပြီးဆီရောင်းတဲ့ဆိုင်ရှာပြီးဝယ်နေရတယ်၊ ညကျရင်တော့ ရောင်းပေးတယ်ပြောတာပဲ၊ ဘယ်ညလဲတော့မသိဘူး”လို့ ရန်ကုန်ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီနေ့အောက်တိုဘာ၇ရက် စက်သုံးဆီ ရန်ကုန်ဈေးကွက် တွင်92တစ်လီတာ လျှင် ၁၉၄၅ကျပ် ၊ 95တစ်လီတာလျှင်၂၀၄၅ကျပ် ဒီဇယ်တစ်လီတာလျှင် ၂၂၂၅ကျပ်၊ပရီမီယံ ဒီဆယ်တစ်လီတာလျှင် ၂၂၆၅ကျပ် ဖြစ်ကြောင်းသိရပါတယ်။
အောက်တိုဘာလကစတင်ပြီး စက်သုံးဆီ ဈေး တဖြည်းဖြည်းကျလာခဲ့ခြင်းကြောင့်စက်သုံးဆီ အခြေခံပြီးလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ဆီဝယ်လို့ အဆင်မပြေတာကြောင့် အခက်တွေ့နေတယ်လို့ ရန်ကုန်အငှားယာဉ်မောင်း တစ်ဦးကပြောပါတယ်။