ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် အမြစ် ဖြတ်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ ကြောင်း ပြည်သူ့သပိတ်အင်အားစုမှ ကိုနွေဦးအောင်က ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ တနေရာ၌ ၁၀၂၇ စစ်ဆင်ရေးကိုဖော်ဆောင် ခဲ့သည့် မြောက်ညီနောင် ၃ ဖွဲ့နှင့်တော်လှန်ရေးအဖွဲ့များကို ထောက်ခံ အားပေးနေကြောင်း၊ မြို့ကြီးများသို့ ဝင်ရောက် လာပါက ပြည်သူတစ်ရပ်လုံးကို ကြိုဆို ထောက်ခံ လျက်ရှိပြီးအ တူတကွ တညီတညွတ်တည်းတိုက်ပွဲဝင်ရန် ဆန္ဒပြင်းပြလျက်ရှိသည်ကို သိရှိစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“၁၀၂၇ တော်လှန်ရေးလှိုင်းဟာ ပြည်သူတစ်ရပ်လုံးရဲ့ မျှော် လင့်ချက် ရောင်ခြည်ဖြစ်တဲ့အလျှောက် ဒီထက် ပိုမိုကြီးမားတဲ့ လှိုင်းလုံးတွေကို ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်၊ အလား တူပဲ ကျန်ရှိနေတဲ့ EROs တွေအနေနဲ့လည်း တော်လှန်ရေးအ ရှိန်အဟုန်ကို ပိုမိုအားထုတ်ဖော်ဆောင်ကြရင်း စည်းလုံးညီ ညွတ်စွာနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ထူထောင်ကြဖို့ ယုံကြည်အားကိုးနေပါတယ်” ဟု ပြည်သူ့သပိတ်အင်အားစုမှ ကိုနွေဦးအောင်က ပြောကြားသည်။