းတိုင်း ၊ယင်းမာပင်မြိုနယ်၊ ဘန့်ဘွေးရွာပျူစောထီး စစ်စခန်းကို လက် နက် ကြီး များဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း Brother Defense Force မှ တာဝန်ရှိသူတစ်ဦးက သတင်းပေးပိုခဲ့ပါသည်။ အောက်တိုဘာလ ၆ ရက် ည ၈ နာရီခန့်က အကြမ်းဖက် စစ်ကောင်စီတပ်သား၊ ပျူစောထီး များ ပူးပေါင်းတပ်ဖွဲထားသည့် ယင်းမာပင်မြိုနယ်၊ ဘန့်ဘွေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက ၆၀ မမ၊ ၈၀ မမ လက်နက် ကြီး များ အသုံးပြုပြီး အဆိုင်း ၉ ဆိုင်းဖြင့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်မှုရှိနိုင်ကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး များဖြင့် ပြန်လည် ပစ်ခဲ့သည့်အပြင် ကင်းထောက်ဒရုန်းများဖြင့်ပါ ပျံသန်းကင်းထောက်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ – Brother Defense Force၊ မဲမှောင် ပျောက်ကြားတပ်ဖွဲနှင့် ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစု တိုပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။