မန္တလေးသပိတ်အင်အားစုမှ အမျိုးသားနေ့တွင် တရားမျှတမှုအတွက် ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးအတွက် အသက်ပေးဘဝပေး စတေးခဲ့ကြသည့် ဓမ္မသူရဲကောင်းများကို အမှတ်ရသောအားဖြင့် “အမေ့လျော့ခံ သူရဲကောင်းများအတွက် ဆက်လက် တ်ိုက်ပွဲဝင်ကြ”စာတန်းပါစာသားကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်မှ ပြည်သူ့မြို့ပြတော်လှန်ရေး ရဲဘော်များကို လက်နက်ကြီး (RPG) အသုံးပြု၍ ထုသဖြင့် PDF ရဲဘော် ၈ ဦး သေဆုံးပြီး ၈ ဦးမတရားဖမ်းဆီးခံခဲ့ရသော ၁၁၁ လမ်း ၅၁လမ်းထောင့်နေအိမ်တွင် ချိတ်ဆွဲခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ရွှေပြည်စိုးစစ်ဆင်ရေးကိုထောက်ခံကြိုဆိုကြောင်းပါ စာတန်းကို ကိုင်စွဲ၍ မန္တလေးမြို့ Welcome To Myanmar ဆိုင်းဘုတ်ရှေ့တွင် ဆန္ဒထုတ်ဖော်ခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများ ဖြန့်ကျဲခြင်းများ ပြုလုပ်ခဲ့ကြသည်။