မကွေးခရိုင် ၊ အမှတ် ၁ တပ်ရင်း သင်တန်းဆရာမတွေရဲ့ မြန်မာ့သိုင်းပညာအစွမ်းပြသမှုကို ရုပ်သံဖိုင်ကို ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာ့သိိုင်းပညာအစွမ်းပြသခဲ့တဲ့ သင်တန်းဆရာမတွေက လိုင်ဇာမှာ ၁ နှစ်တိတိ လေ့ကျင့်ရေး လုပ်လာကြတဲ့ အမျိုးသမီးရဲမေတွေဖြစ်ပြီး ၆ လက လေ့ကျင့်ရေးဆရာဖြစ်သင်တန်း အပတ်စဉ် ၁ ကို တက်ရောက်ခဲ့ကြသူတွေဖြစ်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
“၆လက လေ့ကျင့်ရေးဆရာဖြစ်သင်တန်း အပတ်စဉ်(၁)ကို တတ်ရောက်ကြပြီး နောက်၆လက လေ့ကျင့်ရေးပြန်ဆင်းခဲ့ရတယ်”လို့ မကွေးခရိုင်၊ အမှတ်(၁)တပ်ရင်းက ပြောပါတယ်။
အမျိုးသမီးတွေဖြစ်ပေမယ့် အာဂသတ္တိတွေအပြည့်နဲ့ လိုင်ဇာကသင်တန်းမှာ ဆုတွေတစ်သီကြီး ပိုက်ပြီး ပြန်ခဲ့တဲ့ ရဲမေတွေဖြစ်ပြီး သွားရတဲ့လမ်းခရီးက ခက်ခဲကြမ်းတမ်းပေမယ့်လို့ လုပ်ရမယ့် အလုပ်ကို အဓိပစ်မှတ်ထားပြီး အောင်မြင်စွာနဲ့ ပြန်လာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အမျိုးသမီးရဲမေတွေဟာ အခု သူတို့ရဲ့ မိခင်တပ်ရင်းကိုပြန်ရောက်ရှိလာကြပြီး မိခင်တပ်ရင်းကနေ ရဲဘော်ပေါင်းများစွာကို မွေးထုတ်ပေးနေတယ်လို သိရပါတယ်။
သူမတို့ရဲ့ လက်စွဲစကားက “ငါတို့ပစ်ရင် ကျည်တစ်တောင့်ပဲထွက်မှာငါတို့စစ်ပညာသင်ပေးလိုက်တဲ့ ငါတို့ သင်တန်းသားတွေ များလာရင် ရန်သူအတွက် ကျည်အချက်ပေါင်းများစွာထွက်မှာဖြစ်လို့ ငါတို့ရဲ့ သင်တန်းသားတွေကို စနစ်တကျ သေချာ လေ့ကျင့်ပေးမယ်ဆိုတာပါပဲ” လို့ အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
သင်တန်းဆရာမတွေရဲ့ စွမ်းဆောင်ရည်ကို ဂုဏ်ပြုရင်း အမှတ် ၁ တပ်ရင်းက ပြုလုပ်နေတဲ့ ရှေ့တန်းရဲဘော် ၂၂၀စာအတွက် ကျည်ကာကမ်ပိန်းမှာ ပူးပေါင်းပါဝင်ပေးကြဖို့အတွက်လည်း မေတ္တာရပ်ခံထားပါတယ်။
ကမ်ပိန်းမှာ ပါဝင်မယ်ဆိုရင် အမှတ် ၁ တပ်ရင်းရဲ့ ပေ့ချ် https://www.facebook.com/phoexnisalayladdie9?mibextid=LQQJ4d ကနေ ဆက်သွယ် ပါဝင်နိုင်ပါတယ်။