စစ်ကိုင်းတိုင်း၊ဘုတလင်မြို့ပေါ် ခုံမင်းကြီးရပ်ကွက်အတွင်း ကင်းပုန်းဝပ်နေ သည့် စစ်ကောင်စီတပ်ကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်လာမှု ကို ၎င်းတို့ လူဟု မှတ်ထင်ပြီး လှမ်းခေါ်ရာမှ ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင် စီဘက်မှ ၃ ဦးသေဆုံးကြောင်း ဒေသခံကာကွယ်ရေး ခေါင်းဆောင် တစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပစ်ခတ်မှုဖြစ်ပွား ခြင်း ဖြစ်ပြီး စစ်တပ်ဘက်က PDF များကို လှမ်းခေါ်ကြောင်း၊ PDF များက ဘုတလင် မြို့ ထွေ/အုပ်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ကို တိုက်ရန် သွားစဉ် ကင်းပုန်းဝပ်နေသည့် စစ်တပ်က PDF များကို လှမ်းခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
* ကျနော်တို့ ပစ်မှတ်က ဘုတလင်မြို့ပေါ်မှာ တပ်စွဲ ထားတဲ့ ထွေအုပ်ရုံးနဲ့ ဘဏ်ကိုအဓိကပစ်မှတ်နဲ့ တိုက်ဖို့ရာသွားတာ။ အဲလိုသွားတာကို စစ်ကောင်စီ ကင်းပုန်းနဲ့ တန်းတိုးတာပေါ့။ သူတို့ကလည်း ကျနော်တို့ကို သူတို့စစ်ကောင်စီ လူတွေ ထင်ပြီး သူတို့ဆီလာခဲ့လို လှမ်းခေါ်တယ်။ ကိုယ့်ဘက်က စစ်ခွေးတွေ ဆိုတာ သိပြီး လက်ဦးမှု ယူပစ်ခတ်ခဲ့တာပါဗျ။ စစ်ခွေးဘက်ကတော့ ၃ ဦး နေရာ တင်သေဆုံးတယ်။ အဲဒါကတော့ မျက်မြင်အတွေ့ကို သေတာကို မြင်ရ တာ။ တခြားထိခိုက်သေဆုံးတာလည်းရှိနိုင်သေးတယ်။ နောက်ပြီးစစ်ခွေးတွေရဲ့ G3 တစ်လက် ကျနော်တို့ သိမ်းယူလာနိုင်ခဲ့တယ်။ကိုယ့်ဘက်က လက်ဦးမှုရလို့ အကျဆုံးအထိခိုက်မရှိခဲဘူး” ဟု ဘုတလင်ကာကွယ်ရေးခေါင်းဆောင်က ပြောဆိုသည်။
ဘုတလင်မြို့ပေါ်တွင် ပစ်ခတ်တိုက်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်က မြို့ကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားလုံး ဘေးကင်းကြောင်း သိရှိရသည်။