ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ အမတ ၅၃၀ တပ်ရင်းမှ တပ်သား ၃ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ဖယ်ခုံ PDF ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် လွိုင်ကော်အခြေစိုက်၊ အကြမ်းဖက် စစ်တပ်၏ အမတ ၅၃၀ တပ်ရင်းမှ တပ်သား မင်းသူ အောင်၊ အောင်သူဟိန်း၊ ခင်မောင်ရင်တို့ ၃ ဦးသည် MA-1 သေနတ် ၂ လက်၊ MA-4 သေနတ် ၁ လက်၊ ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရှမ်းတောင် တိုင်း စစ် ဌာနခွဲ၊ တပ်ရင်း ၁၀၀၆ Pekhon PDF ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ကယား(ကရင်နီ)မြို့တော် လွိင်ကော် နှင့် ရှမ်းပြည်နယ်၊ ဖယ်ခုံမြိုနယ် ဖယ်ခုံ-မိုးဗြဲတကြောတွင် ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ မြို့သိမ်း တိုက်ပွဲများဆင်နွှဲလျက်ရှိရာ အသက်မသေလို၍ ပြည်သူ့ဘက်ကိုကူးပြောင်း အလင်းဝင်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ၃ ဦးကို ဗိုလ်တ ထောင်တပ်ခွဲက ဆုငွေ ပေးအပ်ကာ ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း သိရသည်။
ဖယ်ခုံမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်၊ ၁၀၀၆ တပ်ရင်းအနေဖြင့် ပြည်သူဘက်ကူးပြောင်း အလင်း ဝင်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အကူအညီများ ပေးအပ်သွားမည်ဖြစ်ပြီး မြို့သိမ်းတိုက် ပွဲများတွင် ခုခံတိုက်ခိုက်ခြင်းမပြုလိုပဲ ကိုယ်လွတ်ရုန်းကာ ဘက်ပြောင်းချင်သော ပြည်သူ့ဘက် တော်သား တပ်မတော်သားများအနေဖြင့် မိုးဗြဲမြို့တောင်ဘက် ဆောင်ကန်းကျေးရွာ မှစ၍ ဖယ်ခုံ အင်းအရှေ့ခြမ်း ၁၀၀၆ တပ်ရင်း လှုပ်ရှားနယ်မြေအတွင်းသို သတ္တိရှိရှိဝင်ရောက်လာနိုင်ကြောင်း၊ လမ်းကြောင်း၌ တွေ့ရှိသော ပြည်သူများကို PDF ထံပို့ပေးပါဟုဆိုကော အကူအညီတောင်းနိုင်ကြောင်း ဖယ်ခုံ PDF က ထုတ်ပြန် ထားသည်။