နွေဦးတော်လှန်ရေးကာလအတွင်း ကျောင်းသား၊ကျောင်းသူ ၁၂၅ဦး သေဆုံးခဲ့ရပြီး ၇၁၆ဦး ဆက်လက်အဖမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ သတ်ဖြတ်ခံရမှုကြောင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၅) ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ကောက်ယူထားတဲ့ စာရင်းတွေအရ ကျောင်းသား၊ ကျောင်းသူ (၁၂၀၆) ဦးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံခဲ့ရပြီး (၇၁၆) ဦးမှာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လိူ့ သိရပါတယ်။
ထိန်းသိမ်းခံနေရဆဲ ကျောင်းသား၊ ကျောင်းသူများအနက် မတရားပုဒ်မများနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ (၁၃၈) ဦး ပါဝင်ပြီး ဒီအထဲမှာ သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူ (၇) ဦး ရှိတယ်လို့ ဆိုပါတယ်။