ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၂ လုံးပျက်စီးကာ ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၅ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးကာ ပြည်သူ ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” ဒီးမော့ဆိုမြို့နယ်က ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က ၅ ရက်နေ့ ည ၁၁ နာရီခန့်က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်လို့ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးပြီး အမျိူးသမီး ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်” ဟု ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်က ပြောဆိုသည်။