ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ တအာင်းဥပဒေ အကယ်ဒမီကျောင်း အပတ်စဉ်(၂) ကိုမနေ့ မတ်လ ၁၇ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်တယ်လို့ TNLA ကဒီကနေ့ ထုတ်ပြန်ထားပါတယ်။
အဆိုပါကျောင်းမှာ ကရင်နီပြည်နယ်က ကျောင်းသား/သူ ၄ ဦးအပါဝင် တအာင်းဒေသက နေရပ်အသီးသီးလူငယ် ကျောင်းသား/သူ စုစုပေါင်း ၅၀ ဦးတက်ရောက်ခွင့်ရရှိခဲ့ပါတယ်။
ကျောင်းဖွင့်တဲ့အခမ်းအနားကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် တက်ရောက်ပြီး အဖွင့်မှာစကား ပြောကြားခဲ့ပါတယ်။
“ ကျောင်းသား/သူများအနေဖြင့် သင်တန်းကာလ ၂ နှစ်အတွင်းမှာ ဉပဒေပညာရပ်များကို အခြေခံကျကျ လေ့လာသင်ယူရန်လိုအပ်ကြောင့် တိုက်တွန်းပြောဆိုပြီး ဒီပလိုမာဘွဲ့အဆင့်ထက်မြင့်မားတဲ့ တက္ကသိုလ်ဘွဲ့ကို ပေးအပ်မယ် “ လို့ပြောကြားပါတယ်။
တအာင်းဉပဒေကျောင်းရဲ တာဝန်ခံဖြစ်တဲ့ မိုင်းမျိုးအောင်လည်း တအာင်းဒေသအတွင်းမှာ တရားဉပဒေစိုးမိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် တအာင်းဒေသအတွင်းမှာ လိုအပ်နေတဲ့ ရှေ့နေနဲ့တရားသူကြီးများ ဖြည့်ဆည်းနိုင်ကြောင်း ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ရှေ့ဆက်ဖွင့်လှစ်သွားမည့် ကျောင်းကိုတစ်ခြားတိုင်းရင်းသားများ တက်ရောက်ခွင့်ရပြီး ပညာအရည်အချင်းကို တက္ကသိုလ်ဝင်တန်းအောင် အဆင့်သတ်မှတ်ထားပါတယ်။
တအာင်းဉပဒေ အကယ်ဒမီကျောင်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/သူ ၃၀ ဦး တက်ရောက်ခဲ့ပါတယ်။