ဆားလင်းကြီးမြို့နယ်ထဲက ညောင်ပင်ကြီး မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် People’s Hope Spring Revolution အဖွဲ့က စားနပ်ရိက္ခာလှူဒါန်းမှုကို စက်တင်ဘာ ၅ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလို လှူဒါန်းမှုကို People’s Hope Spring Revolution အဖွဲ့ ကိုယ်စား ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လက်ပံတောင်းတောင်ပင်မ သပိတ်တို့က စစ်ဘေးရှောင်ပြည်သူတွေရဲ့ လက်ထဲကို တိုက်ရိုက် လှူဒါန်းခဲ့ကြတာပါ။