စစ်ကောင်စီနှင့် ပူးပေါင်း၍ ပဲခူးရိုးမအတွင်းမှ မီးသွေးများ ခိုးထုတ်လာသည့် ကားတစ်စီးအား ဖမ်းဆီးမိပြီး ကားအားမီးရှို့ဖျက်ဆီးကာ ကားပေါ်ပါ ပျူစောထီးနှစ်ဦးအား ရှင်းလင်းခဲ့ကြောင်းသာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှတာဝန်ရှိသူတစ်ဦးနှင့် မင်းလှမြို့နယ်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးတို့ကပြောသည်။
ယမန်နေ့(ဇူလိုင် ၁၉)ညနေ ၅ နာရီ ၂၀ ခန့်တွင် မင်းလှအခြေစိုက် ခလရ(၁)တပ်မှ တပ်ကြပ်ကြီးခင်မောင်ကြည်၏ လက်ရင်းတပည့်များဖြစ်သော ပျူစောထီးအဖွဲ့ဝင် ချစ်မွှေးနှင့် ကောင်းစံဆိုသူနှစ်ဦးအား မင်းလှမြို့နယ် စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်အနီးတွင်ပစ်ခတ်ရှင်းလင်း၍ ၎င်းတို့မောင်းနှင်လာသည့် မီးသွေးတင်ဖောကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
“အဓိက စီစဥ်တာကတော့ မြို့နယ်ထွေအုပ်(မြို့စီမံကောင်စီ)က စ–ကျော်သူရ။ ကျော်သူရက ကားသ မားတွေကို လုံခြုံရေးထည့်ပေးမယ်ပြောပြီး တပ် ကြပ်ခင်မောင်ကြည်ကို ထည့်ပေးတာ။ ခင်မောင်ကြည်က ကားနဲ့မလိုက်ဘဲ ဆိုင်ကယ်နဲ့နောက်ကလိုက်တာ”ဟု တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက သို့ပြောသည်။
အဆိုပါ စစ်ကောင်စီထောက်တိုင် ပျူစောထီးများ သည် ကားလေးစီးဖြင့် မီးသွေးများသယ်ထုတ်ရန် ရိုးမအတွင်းသို့ လာရောက်ခြင်းဖြစ်သော်လည်း စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်ချိန်တွင် တစ်စီးသာတွေ့ရပြီး ကျန်ကားသုံးစီးမှ ယာဥ်မောင်းနှင့် ယာဥ်နောက် လိုက်များမှာ ကားရောလူပါရှာမတွေ့ဘဲ အဆက် အသွယ်ပြတ်နေကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။
ပစ်ခတ်ရှင်းလင်းခံရ၍ သေဆုံးသွားသော ပျူစောထီးနှစ်ဦး၏ ရုပ်အလောင်းများကို စစ်ကောင်စီတပ်ယာဥ်များဖြင့် မင်းလှမြို့သို့သယ်ဆောင်သွားရာ ယမန်နေ့ည ၁၂ နာရီကျော်ခန့်တွင် ဆေးရုံရင်ခွဲ ရုံ၌ထားရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
“သေဆုံးသူနှစ်ဦးက စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ပျူတွေပါ။ မနေ့ညတွင်းချင်းပဲ စစ်ကောင်စီတပ်သားတွေက ကားတွေနဲ့လာပြီး အလောင်းကို လာသယ်တယ်။ ပြည်သူတွေကို ဖမ်းပြီး လူသားတံတိုင်းလုပ်ပြီးလာတာမို့ ပစ်ဖို့ အခွင့်မသာခဲ့ဘူး”ဟုမင်းလှမြို့နယ်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သို့ပြောသည်။
ကားပေါ်မှ ပျူစောထီးနှစ်ဦးမှာ ခလရ(၁)တပ်မှ တပ်ကြပ်ကြီး ခင်မောင်ကြည်၏ လက်ရင်းတပည့်ချစ်မွှေးနှင့် ကောင်းစံဆိုသူဖြစ်ပြီး ၎င်းတို့သည် စစ်ကောင်စီစစ်ကြောင်းများ ရိုးမပေါ် သွားလာရေးအတွက် ကားဖြင့် အကြိုအပို့လုပ်ပေးနေသူများဖြစ်သည်ဟုဖော်ပြထားသည်။ထိုအပြင် ရိုးမအတွင်းမှ PDFစခန်းနေရာ ရှာဖွေရာတွင် အားကြိုးမာန်တက် လိုက်ပါပြသသူများ ဖြစ်သည့်အတွက် စစ်ကောင်စီ ထောက်တိုင်အဖြစ် သတ်မှတ်ရှင်းလင်းခဲ့ခြင်းဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ၅ က သတင်းထုတ်ပြန်သည်။ ၎င်းတို့ ၂ ဦးမှ ပျူ ဟုတ် ၊မဟုတ်ကိုမူ သီးခြားအတည်မပြုနိုင်ပါ ။
” မိမိတို့တပ်ဖွဲ့သည် ပြည်သူကို ကာကွယ်ရန်နှင့် စစ်အုပ်စုကို အမြစ်ဖြတ်တိုက်ခိုက်ရန်သာမက ပဲခူးရိုးမကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည့်အတွက် ကနဦးသတိပေးချက်ထုတ်ပြန်ပြီးမှသာယခုစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်” ဟု ဖော်ပြထားသည်။
မီးသွေးအိတ်များသည်လာသောကားကိုမီးရှို့ထားပြီး အမျိုးသားနှစ်ဦး ကားအနီးသေဆုံးနေသည့်ရုပ်သံဖိုင်ကိုလည်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ၅ ၏ တယ်လီဂရန်တွင်ထုတ်ပြန်သည်။
စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း အပါအဝင် ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်နှင့် ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်သို့ ပဲခူးရိုးမအားဖြတ်ပြီးဖောက်လုပ်ထားသည့်လမ်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကနယ်မြေစိုးမိုးနိုင်ရေးအတွက် ဇူလိုင်လ ၁၇ရက်မှ စတင်ကာ နယ်မြေစစ်ဆေးရေးလုပ်ဆောင်နေခြင်းဖြစ်သည်။
ရိုးမဖြတ်ကျော်လမ်း၌ လိုအပ်သည့် စစ်ရေးလှုပ်ရှားမှုများ စတင်လုပ်ဆောင်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ သွားလာခြင်း၊ အနီးတွင်နေထိုင်ခြင်းများ မပြုလုပ်ကြရန် အမှတ် ၂ စစ်ဒေသခွဲ၊သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း၃၈၀၂ကသတိပေးချက် ထုတ်ပြန်ထားသည်။