ကျောက်တော်မြို့ထက်ဟိ တကျော့ပြန်တိုက်ပွဲတိ မဖြစ်ခင်ကပင်ဟိနီရေ စစ်ဖီးယှောင်စခန်း (၁၁) ခုမာ လက်ဟိအချိန် စားနပ်ရိက္ခာတိ ပြတ်လပ်ပနာ အခက်ကြုံနီရရေလို့ သိရပါရေ။
ယင်းစစ်ဖီးယှောင်စခန်းတိစွာ မြို့မရွှီကျောင်း ၊နီပူခံ၊ မဟာကံကြီးသျှင်၊ မြို့တော်ခန့်မ၊ မြို့သစ်မှန်ကျောင်း၊ သိမ်ပြင်ဘုန်းကြီးကျောင်း၊ COC၊ ကဝိရတနာ၊ ရထားဘူတာ(၁)၊ ရထားဘူတာ (၂)၊ သရက်အုပ်စစ်ဖီးယှောင်စခန်းရို့ ဖြစ်ကတ်ပါရေ။
ယင်းစစ်ဖီးယှောင်စခန်း (၁၁) ခုမာ အိမ်ထောင်စု ၁၅၀၀ကျော်နန့် လူဦးရေ ၅၀၀၀ ကျော်ဟိပြီးကေ စားဝတ်နီရီး အခက်ကြုံနီကတ်ရပါရေ။
“ကျနော်ရို့စွာ ဒေအခက်အခဲတိကို ကိုယ့်နည်းကိုယ့်ဟန်နန့်ဖြီယှင်းဖို့ နိစားအလုပ်တိကို ရှာဖွီလုပ်ကိုင်နီကေလေ့ စားရီးတခုတည်းတောင် မဖူလုံ၊ လိုက်မမီ ဖြစ်နီရပါရေ”လို့ စစ်ဖီးယှောင်စခန်းတာဝန်ခံတယောက်က ပြောပါရေ။
အခက်အခဲတိကို ဖြီယှင်းဖို့အတွက် မြို့ နန့်တခြားနီရာတိမာ အလုပ်ထွက်လုပ်ဖို့ကလည်း စစ်ကောင်စီက လမ်းတိပိတ်ဆို့ပနာ တင်းတင်းကျပ်ကျပ်စစ်ဆီးနီလို့ အခက်ကြုံနီကတ်ရကြောင်း သူက ဆိုပါရေ။
လက်ဟိမာ စစ်ဖီးယှောင်စခန်းတိသို့ အကူညီလာရောက်ထောက်ပံ့မှု နည်းပါးရေအပြင် ကုန်ဈီးနှုန်းအဆမတန် မြင့်တက်လာမှုကြောင့် စစ်ဖီးယှောင်များစုစွာ စားနပ်ရိက္ခာတိပင် ပြတ်လပ်မှုတိနန့် ရင်ဆိုင်နီကတ်ရပါရေ။
ကျောက်တော်မြို့ထက်ဟိ စစ်ဖီးယှောင်စခန်း(၁၁)တိရေ ၂၀၁၈-၂၀၁၉ တိုက်ပွဲကာလကပင် လာရောက်ခိုလှုံ နီကတ်လူတိအပြင် လက်ဟိတကျော့ပြန်တိုက်ပွဲကာလအတွင်း ထပ်တိုးလားရေ စစ်ဖီးယှောင်တိလည်းပါဝင်ရေလို့ သိရပါရေ။