ကလေးမြို့၊ တာဟန်း(G group) ရပ်ကွက်မှာ ယမနေ့ အောက်တိုဘာ ၂၀ ရက်နေ့က စစ်ကောင်စီတပ်သားတွေက နေအိမ်တွေ ဆိုင်တွေထဲကို ဝင်ပြီး ဆိုင်တဆိုင်ထဲကနေ ပိုက်ဆံ ၁၅ သိန်းကျော်ခန့် လုယူသွားတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးရဲ့ပြောကြားချက်အရ “နေ့ခင်းကြောင်တောင်ကြီးမှာပါ ခိုးတယ်ဆိုတာထက်ဆိုးတယ် လုယူသွားတာ။ သိရသလောက် ဆိုင် ၃ ဆိုင်လောက်မှာ အဝင်ထွက်လုပ်တယ် တစ်ဆိုင်ကနေတော့ ဆိုင်ရှင်တွေကို ဒူးထောက်ခိုင်းပြီး ဖုန်း ၃ လုံးနဲ့ ပိုက်ဆံ ၁၅ သိန်းကနေ သိန်း၂၀ လောက် လုယူသွားတယ်” လို့ သူကပြောပါတယ်။
တာဟန်းရပ်ကွက် YCW ကျောင်းနားတစ်ဝိုက်မှာ စစ်ကောင်စီက သေနတ်တွေရမ်းကား ပစ်ခတ်တာတွေလည်းလုပ်ခဲ့ပြီး ကလေးတစ်ယောက်ကိုလည်း သေနတ်နှင့် ချိန်ခဲ့သေးတယ်လို့ သိရပါတယ်။
ကလေးမြို့၊ တာဟန်းရပ်ကွက်အတွင်းမှာ စစ်ကောင်စီက အိမ်တွေကို စီးနင်းပြီး မတရား လုယူနေတာဟာ နေ့စဉ်နီးပါးဖြစ်ပျက်နေပါတာဖြစ်ပါတယ်။