ကရင်နီပြည်နယ်က စစ်ရှောင် ပြည်သူတွေကို မြို့နယ် အလိုက် အခြေခံ ကွန်ပြူတာ သင်ကြားပေးနေတယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများ သမဂ္ဂက ဒီကနေ့ ထုတ်ပြန်ပါတယ်။
သင်တန်းကာလ တစ်လခန့် ကြာမြင့်မှာဖြစ်ပြီး တစ်ဦးကို ကွန်ပြူတာ တစ်လုံးနဲ့ တစ်ရက်ကို ၃ နာရီ အခမဲ့ သင်ကြားပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲတွေ ဖြစ်နေတဲ့ကြားက သင်ပေးရတာ၊ လျှပ်စစ်နဲ့ အင်တာနက် အခက်အခဲတွေ ကြားမှာ သင်ကြားပေးရတာ ဆိုတော့ အခက်အခဲလေးတွေ ရှိပါတယ်။ ဒါပေမဲ့လည်း အကောင်းဆုံး ကျော်ဖြတ်ပြီး သင်ကြားပေးနေ သလို ပြည်သူတွေ ဘက်ကလည်း ဝိုင်းဝန်း ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့ သင်တန်း ဆရာ တစ်ဦးက ရှင်းပြပါတယ်။
လက်ရှိ သင်တန်း အပတ်စဥ် (၅) အဖြစ် ဒီးမော့ဆို အနောက်ခြမ်း တစ်နေရာမှာ သင်ကြားပေးနေပြီး ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာ နိုဝင်ဘာလ ၅ ရက်မှာ သင်ကြားပေးမှာဖြစ်လို့ စာရင်းပေး တက်ရောက် နိုင်တယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများ သမဂ္ဂက ဖိတ်ခေါ်ထားပါတယ်။