မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၄ ဦး သေဆုံးခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ဇီးတော ပျူစောထီးရွာမှ အင်အား ၈၀ ခန့်ဖြင့် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ်၊ လင်းကတော ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာစဥ် ယင်းနေ့ ည ၁၁ နာရီခွဲခန့်တွင် ပူတွင်းရွာ အရှေ့မြောက်ဘက်ရှိ ယူကလစ်ကုန်း အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။