စစ်ကောင်စီအုပ်စုကို တိုက်ခိုက်တော်လှန်နေတဲ့ ရွှေဘိုအခြေစိုက် LPDF ကသူတို့ လိုအပ်နေတဲ့ AK 47 နှစ်လက်နဲ့ခဲယမ်းအချို့ အတွက် အကူအညီများ လိုအပ်နေတယ်လို့ ပြည်သူတွေဆီ အကူအညီ တောင်းခံထားပါတယ်။
ဘီလူးညီနောင် မြို့ပြစစ်ဆင်ရေးမှာ လိုအပ်နေတဲ့ AK 47 နှစ်လက်နဲ့ ကျည်ဆံ ၅၀၀ အတွက် ကမ်ပိန်းကို အလှူရှင်များထံ အကူအညီ တောင်းခံနေတာဖြစ်ပါတယ်။
နယ်စည်းမခြား-ရွှေဘိုသား (LPDF)ဟာ လက်ရှိမှာ ရွှေဘိုမြို့အနီး စစ်အုပ်စုတပ်ဖွဲ့တွေကို လျှပ်တစ်ပြတ်ပြောက်ကျား စစ်ဆင် ရေးတွေဆင်နွှဲနေတဲ့ အဖွဲ့ဖြစ်သလို အခြားတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။